Category Archives: Uncategorized

မင်္ဂလာပါ…

>လာလည်ကျတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်…
ဘလော့ဂ်မရေးဖြစ်တာ ကျော်ခွရေးရတာ အဆင်မပြေတာကြောင့် မရေးတာရယ်၊ G Mail က ရေးရင် Setting လုပ်မရ (လုပ်မတတ် :)) တာရယ်ကြောင့် စာရေးကျဲနေတာ ခွင့်လွတ်ကျဖို့နဲ့ ဒီနေရာကနေ တောင်းပန်ပါရစေ…

ကျော်စရာ ခွစရာမလိုတဲ့ ဗန်ကောက်ရောက်တဲ့အချိန်မှာ ရေးဖို့ ကြိုးစားပေမဲ့ အချိန်မပေးနိုင်တာရယ်ကြောင့် ကုန်ကြမ်းတွေရှိပြီး မချရေးနိုင်ခဲ့ပါဘူး…
နောက်များ အချိန်ရရင်ဖြင့် အိန္ဒိယကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရော စင်္ကာပူ၊ မလေးသွားတုန်းက ပျော်ခဲ့ရတာတွေရော အကုန်ပေါင်းရေးပါ့မည်..

မငြီးမငြူလာဖတ်ကြတဲ့ စာဖတ်သူများကို လေးစားလျက်

မီးလေး

ရပ်ကွက်ဈေးတွင်း တနေရာဝယ်…

ခုတလော စာရေးသူ ငြိမ်ချက်သားကောင်းဆို ဘလော့ဂ်အိမ်ယာလေးတောင် မရောက်တာကြာပေါ့… ကြာဆို ဘယ်လောက်များလဲလို့ ကိုယ်တင်ထားတဲ့ပို့စ် နှစ်ခေါက်တက်နေမှန်းတောင် မသိဘူး… funflakes ဖုန်းလှမ်းဆက်မှ သိတယ်… ကောင်းရော စာရေးသူပို့စ်တင်ပြီးတော့ Refresh လုပ်ပြီးကြည့်တုန်းကတောင် တခုတည်းတွေ့လို့ မတက်ဘူးအောက်မေ့တာ ပို့စ်တက်သွားတာနဲ့ အိမ်ကို တချိုးတည်း ပြန်လာတာလေ… ကိုးနတ်ရှင် ကျသွားလို့ publish Pots လုပ်ရတာလည်း အကြိမ်ပေါင်းများစွာ တော်သေးတယ် နှစ်ခါထပ်ပဲမို့ နို့မဟုတ်ရင် စာရေးသူတော့ ကျိန်ဆဲခံထိလိမ့်မယ်… ချစ်ဘွားဘွား တီခွန်မြလှိုင်နဲ့ ချစ်တယ်ရင်း ခွန်လင်းချစ်သူတို့လေ…

စာရေးသူ အားနေလို့ မိခင်နှင့်အတူ မနက်ဆို ဈေးလိုက်ပြီး ဈေးခြင်းတောင်း လိုက်ဆွဲပေးနေတယ်လေ… ပြောမယ်ဆို ကုန်ကြမ်းမရှာဘဲနဲ့ ရတယ်ဆိုပါတော့… ၀တ္ထုကလည်း ရေးနေရင်း မုစ်သွင်းမရလို့ စာနှစ်မျက်နှာနဲ့ ရိုက်ထားလက်စ ဆိုတော့ ပို့စ်သစ်လည်း တင်ဖြစ်အောင် ရပ်ကွက်ဈေးတွင်း တနေရာဝယ်ဆိုတဲ့ ဇာတ်လမ်းတိုလေးများအား အလျဉ်းသင့် သလို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်… နိဒါန်းပျိုးတာ များသွားပြီ ဇာတ်လမ်းက ခုမှစမှာ…

ဈေးတွင်း တနေရာဝယ် အိမ်ရှင်မနှစ်ဦးတို့ မျက်နှာချင်းဆိုင် ဆုံကြရာ ပြုံးပြနှုတ်ဆက်ရင်း
“ဘာဝယ်ပြီးပြီလဲ”
“မရသေးပါဘူးဟယ်…. တနေ့တနေ့ ဈေးလာရတာ ဦးဏှောက်ခြောက်တယ်… အိမ်က ဟာကြီးကလည်း ချေးထူတော့ ဈေးဝယ်ရတာ ခက်တယ်ကွ… ဒါနဲ့ ရှင်ရော ဘာရလဲ”
“ငါတော့ ဦးဏှောက်ခြောက်သိပ်မခံဘူး အဆင်ပြေသလိုပဲ ဆိတ်သားနဲ့ပဲဟင်းပဲချက်ပေးလိုက်မလားလို့ ဆိတ်သားတော့ ၀ယ်လာတယ်”
ခြင်းထဲမှာတော့ ဆိတ်သားနဲ့တူတဲ့ အသား ဘာသားမှမတွေ့ရ ဒါပေမဲ့ နာမည်တူပြီး ကုန်းနဲ့ရေ ကွာတဲ့ဆိတ်တော့ တွေ့ပါရဲ့ ရေဆိတ်တွေ(ကန်စွန်းရွက်) ထိုးထိုးထောင်ထောင်နဲ့ မမြင်ချင်ယောင်ပဲဆောင်လိုက်ပါတယ်။
“ဆိတ်သား ၀ယ်လာတယ်ဆိုရင် မဆလာကောင်းကောင်းလေးအုပ်မှ မွှေးတာ ဟိုဘက်နားက ကုလားဆိုင်မှာ ဆိတ်သားချက်ဖို့ဆိုပြီး မဆလာဝယ်လို့ရတယ် ထုပ်ရောင်းတာတွေနဲ့ တခြားစီပဲ နံနံစေ့တို့ ဘာတို့နဲ့ သေချာစပ် ပေးတယ်”
“အမယ်လေး ရှင်ကလည်း ပင်ပန်းခံလို့ ခုတီဗွီမှာ ကြော်ငြာတာလေ xxx မဆလာတို့၊ xxx မဆလာတို့ အသင့်တောင် ချက်လို့ရသေး ထောင်းစရာတောင်းမလိုဘူး”
“အဲလိုလည်း ဘယ်ဟုတ်မလဲ တော်ကလည်း ကြော်ငြာပါဆိုမှ သူတို့ ပစ္စည်းရောင်းကောင်းအောင် ကြော်ပြီး ညာနေတာတော့်”
“ဒါပေမဲ့ အဲဒါတွေကတော့ မညာလောက်ဘူး ထုတ်ပိုးတာကအစ သေသေသပ်သပ်ပဲ၊ ပါဝင်တဲ့ ပစ္စည်းတွေလည်း ရေးထားတယ်”
“ပစ္စည်းကို အပြင်ပန်းက ကြည့်ပြီး သုံးသပ်ရင်မှားမှာပေါ့ သေသေသပ်သပ် ထုတ်ပိုးထားတယ်ဆိုတာက သုံးစွဲသူကို စွဲဆောင်တာ မလှမပထုတ်ထားရင် ဖက်နဲ့ထုတ်ထားတယ် ဆိုပါတော့ ဘယ်သူက ၀ယ်ချင်မှာလဲ… နောက်ပြီး ပါဝင်တဲ့ ပစ္စည်းဆိုတာကလည်း ကိုယ်သိတာမှ မှုတ်တာ အဲမှာရေးထားတဲ့ ပါဝင်ပစ္စည်းအချိုးအစားအတိုင်း တထုပ်ချင်းစီ လိုက်ထည့်နိုင်ပါ့မလား… အားလုံးရောသမမွှေထားပြီးသားကိုမှ ပါကင်ထုတ်လိုက်တာလေ… ဒီအချိုးအစားအတိုင်း ရှိတယ်လို့ သေချာတပ်အပ် သိလို့လား… ပြီးတော့ ဆိုင်တွေမှာ ရောင်းမထွက်လို့ ဘယ်လောက်ကြာထားမှန်းလည်း မသိ… ကြော်ငြာတိုင်း ကောင်းတာမဟုတ်ဘူး… ၀ယ်တော့မယ်ဆိုရင် သေသေချာချာ စဉ်းစားပြီးမှ သုံးစွဲတာ ကိုယ့်မိသားစု ကျန်းမာရေးကို စောင့်ရှောက်ပြီးသား ဖြစ်တာပေါ့”
“ရှင်ပြောတော့လည်း ဟုတ်သလိုလိုပဲ”
“ဟုတ်တယ်ရှင့် တီဗွီမှာ ကြော်ငြာတိုင်း ကောင်းတာမှုတ်ဘူး… တချို့တလေ ကောင်းပေမဲ့ တချို့တလေ မကောင်းပြန်ဘူး… ကောင်းတယ်ဆိုပြီး သုံးစွဲသူတွေလည်း များလာရော နာမည်ရသွားလို့ အရည်အသွေးညံ့သွားရော… ဆပ်ပြာမှုန့်တွေ ကြည့်ပါလား… သူတို့ပြောသလိုကောင်းတော့ ကောင်းပါရဲ့ တချို့တလေကျ အရည်အသွေးညံ့သွားတယ်လေ… တခါတရံမှာ ကြော်ငြာမထားတဲ့ ပစ္စည်းက ကြော်ငြာထားတဲ့ ပစ္စည်းထက် ပိုပြီးကောင်းနေတတ်တယ်လေ…”
“တော်ပြောမှပဲ ကျူပ်သဘောပေါက်တော့တယ်…”
“ဘာပဲသုံးသုံး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ သုံးစွဲသင့်တာပေါ့… အသင့်စား အစားအသောက်သုံး ကုန်ပစ္စည်းတွေမှာ ကြာရှည်ခံအောင် ဓာတုဗေဒပစ္စည်းတွေပါလို့ အမြဲ မစားသုံးသင့်ဘူးလေ… ကြာရင် ကိုယ့်ကျန်းမာရေးပဲ ထိခိုက်မှာ”
“အမေ တဈေးလုံး ပတ်ရှာလိုက်ရတာဗျာ… ထမင်းချိုင့်ထည့်ဖို့ ကျောင်းနောက်ကျနေပြီဗျ”.
“သား ဈေးခြင်းယူပြီး အိမ်အရင်ပြန်နှင့် အိမ်ရောက်ရင် ကန်စွန်းရွက်ဆိတ်ပြီး ရေဆေးထားလိုက် အမေ ကြက်သွန်ဖြူ ၀ယ်ပြီး လာခဲ့မယ်”
ကလေးရဲ့ ရှုံ့တွစူပုပ်နေတဲ့ မျက်နှာနဲ့ ပြန်သွားတာကိုကြည့်ရ့င်း..

ရ့င်လန်းချမ်းမြေ့ကြပါစေ

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
“မြို့စားကြီးနေဘုန်းလတ်” လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
“လွတ်ကျခဲ့တဲ့မြို့တော်” ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း “လွတ်ကျခဲ့တဲ့မြို့တော်”
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်

သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ ” မြို့စားကြီး ” လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

>နေဘုန်းလတ်သို့ ….

>

Chocolate Day မှာ သူငယ်ချင်းတွေ ချော့ကလက်စားသွားကြပါ။

>Chocolate Day မှာ သူငယ်ချင်းတွေ ချော့ကလက်စားသွားကြပါ။

>

my collection jokes

The Doctor’s Daughter
A physician was taking her 4-year-old daughter to preschool.
The little girl picked up the stethoscope, which the doctor had left on the car seat,
and began playing with it.

“This is wonderful,” thought the doctor.” My daughter wants to follow in my footsteps!”

Then the child spoke into the instrument, “Welcome to McDonald’s. May I take your order?”

Wish u happy……..