>နီးလာပြီ ဖြစ်တဲ့ မင်္ဂလာရက်မြတ်…

>

ခုတလော မီးလေးတယောက် သူများဘလော့တွေ လည်ဖို့ မပြောနဲ့ ကိုယ့်ဘလော့ကိုယ်တောင် မရောက်တာ အတော်ကြာနေပါပြီ… မရောက်ဆို ကျောင်းကိစ္စတွေနဲ့ မီးလေးရဲ့ လက်တွဲဖော်နဲ့အတူ ဘ၀သစ်တခု ထူထောင်ဖို့ အတွက် လိုက်စီစဉ်နေရတဲ့ အတွက်လဲ ပါပါတယ်… မီးလေးရဲ့ လက်တွဲဖော်နဲ့ ချစ်သူသက်တမ်း ၄နှစ်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်… မီးလေးတို့ နှစ်ယောက်က အမြဲတမ်း စိတ်တူကိုယ်တူနဲ့ စဉ်းစားတွေးခေါ်မှုတွေက အမြဲ ထပ်တူညီခဲ့ကြပါတယ်… ခုဆို မီးလေးတို့ ချစ်သူသက်တမ်း ၄နှစ်နဲ့ ၄လရှိခဲ့ပါပြီ… ခုချိန်ထိ မီးလေးတို့ ပြဿနာအကြီးအကျယ် မရှိခဲ့ကြပါဘူး… သူများတွေလို ရန်လဲ မဖြစ်ခဲ့ဖူးပါဘူး… မီးလေးတို့ တယောက်နဲ့ တယောက် နားလည်မှု အပြည့်အ၀ရှိတဲ့အတွက် ရေရှည်လက်တွဲရမည့် ဘ၀လက်တွဲဖော် အဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့ကစလို့ အလုပ်တွေ ရှုပ်တော့တာပါပဲ… ပင်ပန်းပေမဲ့လည်း ပျော်ရွှင်နေကြပါတယ်…
ဒီဇင်ဘာလ၊ ၂၆ရက်၊ ၂၀၀၉ခုနှစ်မှာ နှစ်ဖက်မိဘများနဲ့ ဆွေမျိုးများ ရှေ့မှောက်မှာ စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့ကြပါတယ်… ခု ဧပြီလ ၂၂ရက်နေ့မှာတော့ လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ ပြုလုပ်မှာ ဖြစ်ပြီး မေလ ၁၅ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပမှာဖြစ်ပါတယ်…

နောက် ၁၀ရက်ဆို မီးလေးဟာ Single မှ အိမ်ထောင်ရှင်ဘ၀ကို ချစ်ခင်လေးစားရတဲ့ လက်တွဲဖော်နဲ့အတူ လျှောက်လှမ်းရမှာ ဖြစ်ပါတယ်… မင်္ဂလာနေ့ရက် နီးလာလေ ပျော်ရွှင်ခြင်း၊ ရင်ခုန်ခြင်းနှင့်အတူ စိုးရိမ်စိတ်တွေလည်း များနေရပါတယ်… အဆင်ပြေပြေနဲ့ ကိုယ်စီစဉ်ထားသလို ဖြစ်ပါ့မလားဆိုပြီး နှစ်ဦးစလုံး သောကများနေရပါတယ်…

မင်္ဂလာပွဲအတွက် လွန်ခဲ့တဲ့ လေးလလောက် ကတည်းက Plan ချပြီး လုပ်ခဲ့ကြလို့ အခုဆိုရင် စီစဉ်စရာ အနည်းငယ်ပဲ ကျန်တဲ့အတွက် တပိုင်းတော့ ခေါင်းအေးရပါတယ်… ဒီနေ့ မင်္ဂလာဧည့်ခံပွဲအတွက် ဖိတ်စာတွေလည်း လက်ထဲရောက်နေပါပြီ… ကြည်နူးပျော်ရွှင်စွာ နေ့ရက်များဆီသို့ မှန်းမျှော်ရင်း…

8 responses to “>နီးလာပြီ ဖြစ်တဲ့ မင်္ဂလာရက်မြတ်…

  1. >ယောက္ခမတော်ရတော့မယ် ဟေ့ဟေ့ 😛

  2. >ဒါပေါ့ အစ်ကိုတော်ရဲ့…ပိုက်ဆံတွေ အထပ်လိုက်ပဲ လက်ဖွဲ့မလို့လား အားနာစရာကြီး ဟီးးးးးးးးးးးးး

  3. >၀မ်းသာတယ်ဗျိုး .. ဒီသတင်းကြားရတာ ငါ့ကို သင်္ကြန်မကျသေးဘဲရေပက်သွားတယ်ပြန်ပက်မယ် အင်းဟာ ဗွမ်းးးးးးးးးးးးးးးးး

  4. >သာယာချမ်းမြေ့သော အိမ်ထောင်ဖြစ်ပါစေ

  5. >နှစ်သစ်မင်္ဂလာပါ..မီးလေးရေ ..ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်စုလေးတည်ဆောက်နိုင်ပါစေ လို့ မင်္ဂလာဦး အတွက်လည်း ဆုမွန်တောင်းပေးလိုက်ပါတယ် ။သင်္ကြန် အကြိုနေ့  မှာ ရေလာပက်သွားတယ် နော် ..ခင်မင်စွာဖြင့် ..မကိ

  6. >ဒီသတင်းကြားရတာ ၀မ်းသာတယ်ဗျာ။ ရက်မြတ်မင်္ဂလာမှာ အတိုင်းမသိစွာ ပျော်ရွှင်ကြည်နူးနေမှန်းသိလို့ ပျော်ရွှင်ပါစေလို့ ဆုတောင်းမပေးတော့ဘူးနော်။ ဘ၀သစ်မှာ လက်တွဲဖော်နဲ့ သက်ဆုံးတိုင်း ချစ်စ်ခင်ခင် ကြင်င်နာနာနဲ့ လက်တွဲပြီး ဘ၀ခရီးကို အကောင်းဆုံး လျှောက်လှမ်းနိုင်ပါစေဗျာ . . .ကျနော် ဘလော့မရောက်တာ တော်တော်လေးကြာသွားပြီး မီးလေးက ကျနော်ဆီလာလည်လို့ ဒီသတင်းကိုသိရတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ရေပက်လိုက်ပြီး ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  7. >ကြားရတဲ့ သတင်းက မင်္ဂလာသတင်းပါပဲဗျို့။ ဂုဏ်ယူပါတယ် 🙂

  8. >Happily ever after.. ဒီနေ့ သတင်းကောင်းလေး ကြားပါတယ်… Congratulation ပါနော်… နောက်ဆို အိမ်ထောင်ရှင်မလေး မီးလေးရဲ့ ပိုစ့်တွေကိုလဲ စောင့်ဖတ်နေအုံးမှာပါ… လက်တွဲဖော်ရသွားလို့ ဘလော့လေးနဲ့ ဘလော့ဂါ မောင်နှမတွေကိုတော့ ပြစ်မသွားပါနဲ့နော်…

Leave a comment