Category Archives: Announcement News

အဝေးသင်တက္ကသိုလ် စာမေးပွဲများ ဖြေဆိုရတော့မည်…

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် အတန်းတင်စာမေးပွဲများ ကျင်းပမည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသဖြင့် သတင်းစာ မဖတ်ရသေးသည့် အဝေးသင်ကျောင်းသား/သူများအတွက် အချိန်ဇယားများ –
(က) ပထမအသုတ်               
သင်တန်းနှစ်                                    အထူးပြု
ပထမနှစ်၊ ဒုတိယနှစ်၊  တတိယနှစ်        သိပံ္ပအထူးပြုအားလုံး

အနီးကပ်သင်တန်း ပို့ချမည့်ရက်   စာမေးပွဲကျင်းပမည့်ရက်

၎-၁၀-၂၀၁၀ မှ
၁၁-၁၀-၂၀၁၀

(ခ) ဒုတိယအသုတ်
သင်တန်းနှစ်                                    အထူးပြု

ပထမနှစ်၊ ဒုတိယနှစ်၊  တတိယနှစ်         အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊
ဒဿနိကဗေဒ၊ စိတ်ပညာ၊
အရှေ့တိုင်းပညာ၊ ဥပဒေပညာ

အနီးကပ်သင်တန်း ပို့ချမည့်ရက်   စာမေးပွဲကျင်းပမည့်ရက်

၁၄-၁၀-၂၀၁၀ မှ                      ၂၈-၁၀-၂၀၁၀ မှ
၂၄-၁၀-၂၀၁၀                            ၄-၁၁-၂၀၁၀

    
သင်တန်းနှစ်                                    အထူးပြု
စတုတ္ထနှစ်                                     ဥပဒေပညာ

အနီးကပ်သင်တန်း ပို့ချမည့်ရက်   စာမေးပွဲကျင်းပမည့်ရက်
        ၁၄-၁၀-၂၀၁၀ မှ                        ၂၈-၁၀-၂၀၁၀ မှ
၂၄-၁၀-၂၀၁၀                           ၄-၁၁-၂၀၁၀

(ဂ) တတိယအသုတ်
သင်တန်းနှစ်                                    အထူးပြု

ပထမနှစ်၊ ဒုတိယနှစ်၊                           မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ
တတိယနှစ်                                       သမိုင်း၊ စီးပွားရေးပညာ
ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား
စီးပွားစီမံ

အနီးကပ်သင်တန်း ပို့ချမည့်ရက်   စာမေးပွဲကျင်းပမည့်ရက်

၁၀-၁၁-၂၀၁၀ မှ                      ၂၂-၁၁-၂၀၁၀ မှ
၁၉-၁၁-၂၀၁၀                          ၂၉-၁၁-၂၀၁၀

            

အဝေးသင်ကျောင်းသား/သူများ စာမေးပွဲ အခက်အခဲမရှိ ဖြေဆိုအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
မီးလေး

>ဖတ်လိုက်မိတဲ့ ခေါင်းစဉ်တပုဒ်

>

စာတွေ အရေးကျဲသွားတာ စာဖတ်သူအားလုံးနဲ့ ညီအစ်ကို မောင်နှမတွေကို ပထမဆုံး တောင်းပန်ပါရစေ…
ကိုနေသစ်ပြောသလို မင်္ဂလာရှိသွားလို့ မရေးဖြစ်တာ မဟုတ်ပါဘူး၊ ရေးဖို့ စိတ်ထဲရှိပြီး မရေးနိုင်ခဲ့တာပါ…
ဟိုတရက်က Snap Shot ဂျာနယ် တစ်စောင် ၀ယ်ဖတ်ရင်း ဖတ်လိုက်မိတဲ့ ခေါင်းစဉ်လေးကတော့ “သူခိုးလူပြန်ဟစ်သည့် ဖြစ်ရပ်များ ခေတ်စားနေ” ဆိုတဲ့ ခေါင်းစဉ်လေးကို သတိထားမိလိုက်တယ်… အဲ့ခေါင်းစဉ်ကို ဖတ်ရင်း ညီအစ်ကိုမောင်နှမတွေ စာဖတ်သူတွေကို မျှဝေပေးချင်တဲ့စိတ် ဖြစ်ပေါ်မိလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ… Snap Shot ဂျာနယ်မှာ ပါတဲ့အတိုင်း ပြန်ဖောက်သည်ချပေးရရင်ဖြင့်…

ယခုတလော သူခိုးလူပြန်ဟစ်သည့်ဖြစ်ရပ်များ လူလိမ်လောကမှာ Hot ဖြစ်နေပါတယ်။ လူလိမ်တွေဟာ များသောအားဖြင့် အမျိုးသမီးများ ဖြစ်နေတတ်ပြီး အလိမ်ခံရသူတွေဟာ လူငယ်၊ လူလတ်ပိုင်းအမျိုးသား အများစုဖြစ်နေ ပြန်ပါတယ်။
လိမ်ပုံလိမ်နည်းလေးကတော့ ပိုက်ဆံအိတ်ခပ်ဖောင်းဖာင်းကို ကိုင်လာတာပဲဖြစ်ဖြစ် ခါးကြားထိုးလာတာပဲဖြစ်ဖြစ် ပိုက်ဆံအိတ်ပါလာတဲ့ အမျိုးသားဆီကို လိမ်မည့် အမျိုးသမီးက ကပ်သွားပြီး ပိုက်ဆံအိတ်ကို လုလိုက်ပြီး ပါးစပ်မှလည်း “ဟင် ဒါဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကို လွှတ်စမ်း”ဆိုပြီး အော်ပါသေးတယ်။ အဲ့ဒီအော်သံပေးလိုက်တာနဲ့ လူလိမ် အမျိုးသမီးနဲ့ အပေါင်းအပါတွေက ၀ိုင်းလာပါတော့တယ်။ ပိုက်ဆံအိတ်ပိုင်ရှင် အမျိုးသားလည်း ကိုယ့်ပစ္စည်းအမှန်ဖြစ်ပါလျက်နဲ့ ကြောင်အ အဖြစ် အီး အီး အဲ အဲဖြစ်နေတုန်း ထိုအမျိုးသမီးက ပိုက်ဆံအိတ်ယူပြီး လစ်သွားပါပြီ။ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက
“အဲဒီ့နေ့က လခထုတ်ရက်ဆိုတော့ ကျွန်တော့ပိုက်ဆံအိတ်ထဲမှာ လေးသောင်းခွဲလောက်ပါပါတယ်။ ပိုက်ဆံအိတ်ကို ဘောင်းဘီနောက် အိတ်ထဲထည့်ထားမိတယ်။ ဆူးလေပွိုင့်နားရောက်တော့ အသက်(၃၀)၀န်းကျင်လောက် အမျိုးသမီးတစ်ယောက် ကျွန်တော့ ပိုက်ဆံအိတ်ကို ဆွဲယူလိုက်တယ်ဗျ။ ကျွန်တော်ပြန်လုတော့ သူက “ရှင်ဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကို လွှတ်စမ်း”လို့ အသံအကျယ်ကြီးနဲက အော်တော့ ကျွန်တော့ဘေးကို မိုက်ကန်းကန်းရုပ်နဲ့ လူတွေ ၀ိုင်းလာတယ်ဗျ။ ကျွန်တော်လည်း ကြောင်ပြီးပိုက်ဆံအိတ်ကို လွှတ်ပေးလိုက်မိတယ်။ ဘေးကလူတွေက မင်းဘာလဲညာလဲနဲ့ ၀ိုင်းဟောက်နေတုန်း အဲဒီ့မိန်းမလည်း ပိုက်ဆံအိတ်ယူပြီး လစ်သွားရော။ လုပ်စားနေကြတာဗျ။ အတော်ကြောက်ဖို့ကောင်းတယ်”လို့ ကြိတ်မနိုင် ခဲမရဖြစ်နေပုံနဲ့ ပြောပြခဲ့ပါတယ်။
ဒီအဖြစ်လေးကို နမူနာယူပြီး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝိုင်းရိုက် မခံရစေဖို့ ရှိုးပြတာလည်း ကြည့်ပြပေါ့။ ပိုက်ဆံကိုလည်း လုံလုံခြုံခြုံသိမ်းထုပ်ပြီး အန္တရာယ်ကို ကာကွယ်ကြစေချင်ပါတယ်။   ( TT)

ဒီဆောင်းပါးကို ဖတ်ပြီးသူလည်း ရှိကြလိမ့်မယ်လို့ ထင်ပါတယ်… မဖတ်ရသေးတဲ့သူတွေအတွက် သတိနဲ့သွားလာနိုင်ဖို့ ဒီပို့စ်လေးကို ပြန်လည်ဖော်ပြခြင်းသာ ဖြစ်ပါတယ်… ကိုယ့်ခွန်ကိုယ့်အားနဲ့ ပင်ပင်ပန်းပန်းလုပ်ထားလို့ရခဲ့ လုပ်အားခကို အချောင်လိုချင်တဲ သူတွေ လက်ထဲမပါကြပါစေနဲ့လို့ ဆုတောင်းလျက်

ကျန်းမာရွှင်လန်းကြပါစေ
မီးလေး

>Implementing and Administering a Standardized Network

>

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
“Implementing and Administering a Standardized Network”
သင်တန်းပို့ချမည်

            သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) နှင့် Assembler, Compu-Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် “Implementing and Administering a Standardized Network”  သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ e-Learning Center တွင် မတ်လ(၄)ရက်နေ့ မှ မတ်လ(၈)ရက်နေ့အထိ နံနက်(၉း၀၀)နာရီ မှ ညနေ(၅း၀၀) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
            အဆိုပါသင်တန်းတွင် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Infosecurity, WAN Technologies, Server Managements များ စာတွေ့၊လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူ ရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မတ်လ (၂)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။

သင်တန်းဖွင့်မည့်ရက်     –   မတ်လ (၄) ရက်နေ့ မှ (၈)ရက်နေ့အထိ။
သင်တန်းအမည်           –  Implementing and Administering a Standardized Network
သင်တန်းနေရာ            –  Myanmar Info-Tech , e-Learning Center.
သင်တန်းအချိန်           –  နံနက် (၉း၀၀)နာရီ မှ (၅း၀၀)နာရီအထိ
သင်တန်းကြေး           –  ၉၀၀၀၀ ကျပ် ( သင်တန်း ၅ ရက်အတွက် နေ့လည်စာနှင့် Tea Break ပါဝင်သည်။)
                                 (မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ ၅ % Discount ပေးပါမည်။)

အစဉ်အလာမပျက် Blog Day အစီစဉ်ပြုလုပ်မည်

အစ်ကိုတော်ကြီး မင်းယွန်းဆီမှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်….
အားလုံးပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲကြပါစို့…..

သြဂုတ်လ ၃၁ ရက်နေ့ဟာ တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ world blog day ဖြစ်ပါတယ်။ Blog Day ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြီးခဲ့သော ၂၀၀၇ ခုနှစ်တုန်းကတော့ ပထမဦးဆုံး မြန်မာဘလော့ဂ်ကာတွေ စုံစုံညီညီနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒိမတိုင်ခင်မှာပဲ ကျွန်တော်တို့ မြန်မာဘလော့ဂ်ကာတွေ စုစည်းပြီး မြန်မာပြည်မှာ ဘလော့ဂ် နည်းပညာ ပြန့်ပွားရေး နှင့် ကမ္ဘာအရပ်ရပ်က blogging လုပ်နေတဲ့ မြန်မာလူငယ်တွေ ပေါင်းစည်းညီညွှတ်စေရန် ရည်ရွယ်ပြီး Myanmar Blogger Society ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့လေးဟာ အမှန်တကယ်တော့ အိုင်တီပေါ်အခြေခံပြီး blogging ၀ါသနာတူရာ သူငယ်ချင်းတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့လေးသာ ဖြစ်ပြီး မည်သည့် အရောင်မှ ဆိုးထားတဲ့ အဖွဲ့ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီအဖွဲ့လေးမှာ (အမှန်တော့ အဖွဲ့ဆိုတာထက် society လေးသက်သက်ပါ။ မြန်မာလို ဘယ်လို သင့်လျော်အောင် ဘာသာပြန်ရမှန်း မသိပါဘူး) ပါဝင်တဲ့ ဘလော့ဂ်ကာ သူငယ်ချင်းများရဲ့ ၀ိုင်းဝန်း ကြိုးပမ်းမှုကြောင့်ပဲ ၂၀၀၇ ခုနှစ် မြန်မာဘလော့ဂ်ဒေးကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၀၈ မှာတော့ ကျွန်တော်တို့ အကြောင်းကြောင်းသော အခက်အခဲများ ကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

ဘလော့ဂ်ဒေးပြန်လည်ကျင်းပမည်

၂၀၀၉ခုနှစ် မှာတော့ Blog Day ကို ပြန်လည်ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ သြဂုတ်လ ၄ရက်နေ့ မနေ့ကတော့ ရန်ကုန်က မြန်မာ ဘလော့ဂ်ကာအချို့ တွေ့ဆုံခဲ့ပြီး ဘလော့ဂ်ဒေး အတွက် လိုအပ်တဲ့ အစီစဉ်တွေကို ဆွေးနွေးတိုင်ပင် ဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဘလော့ဂ်ဒေးကို စီမီနာလိုမျိုးသီးသန့် လုပ်တာ မျိုးထက် မြန်မာ ဘလော့ဂ်ကာတွေနဲ့ အခြားသော အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်းများ တွေ့ဆုံကြမယ့် တွေ့ဆုံပွဲ လေးနှင့် အတူ လေ့လာရေးခရီးစဉ် ပါ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဆွေးနွေးဖြစ်ခဲ့

မနေ့က တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာတော့ ကိုညီလင်းဆက်၊ ကိုမျက်လုံး၊ စိုးဇေယျ၊ ရွှေမြတ်၊ idulize၊ ကိုပီကေ၊ ကိုကျော်ဇေယျ၊ မပင့်ဂိုးလ်၊ မဘာညာ၊ ဖိုးသူတော်နှင့် ကျွန်တော် မင်းယွန်းသစ်တို့ တက်ရောက် ခဲ့ကြပြီး ဧည့်သည်တော် အနေနဲ့ MOSN (Myanmar Orphan Support Network) မှ အဖွဲ့ဝင် တယောက် ဖြစ်တဲ့ မခင်မြတ်မြတ်နိုင်လဲ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက် အရ ကျွန်တော်တို့ အဖွဲ့ရဲ့ တစ်ဦးချင်းစီ တာဝန်တွေကတော့

မပင့်ဂိုးလ်- ပြန်ကြားရေး
ကိုညီလင်းဆက်- ဘဏ္ဍာရေးနှင့် အကျီင်္တံဆိပ်ရိုက်
စိုးဇေယျ၊ ကိုကျော်ဇေယျ၊ မင်းယွန်းသစ်- Game & Quiz
ကိုပီကေ၊ idulize – စတေကာ
မဘာညာ- ဗီနိုင်း
ဖိုးသူတော်-ဧည့်ခံကြိုဆိုရေး တို့ ဖြစ်ကြပါတယ်။

Register လုပ်ဖို့ လိုအပ်ပါတယ်

တွေ့ဆုံပွဲလေးကို တက်ရောက်ဖို့ အတွက် register လုပ်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အစီအစဉ်ကို နှစ်ပိုင်းခွဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမ အစီစဉ်ကတော့ ဘလော့ဂ်ကာတွေနဲ့ တခြား အွန်လိုင်းမှ တက်ရောက် ချင်တဲ့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး တွေ့ဆုံကြမယ့် အစီစဉ်ဖြစ်ပါတယ်။ ဒုတိယ အစီစဉ်ကတော့ လေ့လာရေး ခရီးစဉ် ဖြစ်ပါတယ်။ ညအိပ်ခရီး လိုက်နိုင်သူနဲ့ မလိုက်နိုင်တဲ့သူများ အတွက် အဆင်ပြေ စေဖို့ပါ။ ပထမ အစီစဉ်နှင့် ဒုတိယ အစီစဉ်များတွင် ပါဝင် တက်ရောက် လိုသူများ register လုပ်ချင်ရင်တော့ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ကလီမှတ်တိုင် အနီး၊ “သင်အာ” စားသောက်ဆိုင် ကပ်လျက်ရှိ Activator Internet Cafe` မှာ သွားရောက် စာရင်း ပေးသွင်းနိုင်ပါတယ်။ Register လုပ်ပြီး တက်ရောက်မယ့် သူငယ်ချင်းတွေ အတွက် Blog Day အထိမ်းအမှတ် အကျီများနှင့် အမှတ်တရ လက်ဆောင်များကို ပေးမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းခြင်းကို သြဂုတ်လ ၂၂ရက်နေ့ အထိသာ လက်ခံမှာ ဖြစ်ပါတယ်။ Registration လုပ်ရန် အသေးစိတ် အချက်အလက်များကိုတော့ ထပ်မံ အသိပေးပါအုံးမယ်။

နေရာနှင့်အချိန်

နေ့ရက် – 29 – Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)
အချိန် – တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ
ခရီးစဉ် @ ည (10) နာရီ
နေရာ – ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။
(မပင့်ဆီမှ ဤအချက်အလက်များ ပြန်လည် ဖော်ပြပါသည်။)

Srikhettra 2.0

ကိုပီကေ ရဲ့ ခရီးစဉ်နာမည် အကြံပေးချက်ကို ကိုညီလင်းဆက်နှင့် ကျွန်တော် ထပ်မံ မွမ်းမံ လိုက်တာ Srikhettra 2.0 ဖြစ်သွားပါတယ်။ ကျွန်တော်တို့ လေ့လာရေး ခရီးစဉ်ဟာလဲ သရေခေတ္တရာ မြို့ဟောင်း တည်ရာ ပြည်မြို့ပါပဲ။ သြဂုတ်လ၂၉ရက်နေ့ ညမှာ ခရီးစဉ်စမှာ ဖြစ်ပြီး ၁ညအိပ် ၂ရက် ခရီးဖြစ်ပါမယ်။ ကားစင်းလုံးငှားကာ တပျော်တပါး knowledge sharing ပြုလုပ်ရင်း သွားကြမှာပါ။ ညအိပ် ခရီး လိုက်ပါမယ့် သူတွေ ကတော့ အိပ်ဆောင်ပိုက်ဆံ အနေနဲ့ တစ်ဦးကို ပျမ်းမျှ ၁၅၀၀၀ မှ ၂၀၀၀၀ လောက်တော့ ဆောင်ယူလာဖို့ လိုအပ်ပါလိမ့်မယ်။

ဒုတိယ အကြိမ်မြောက် ဘလော့ဂ်ဒေး အထိမ်းအမှတ် ပွဲလေးကို စိတ်ဝင်စားသူ အွန်လိုင်းမှ သူငယ်ချင်းများ မည်သူမဆို စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါ ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။