Category Archives: ဟာသ

>ကလေးအဖေ

>

အိမ်ထောင်သက် နှစ်၅၀မြောက် ကျင်းပသော ပါတီပွဲ တခုတွင်ဖြစ်သည်…
ယောက်ျား            –           ဒီနေ့ဟာ တို့တွေရဲ့ အိမ်ထောင်သက်ဟာ နှစ်၅၀တိုင်ခဲ့ပြီ… တို့တွေရဲ့ အိမ့်ဆည်းလည်းတွေကလည်း ခုဆို ၇ယောက်ရှိခဲ့ကြပြီ… ထူးခြားတာ တခုက သားသမီး ၇ယောက်ထဲက တယောက်က အခြားကလေးတွေနဲ့ မျက်နှာပုံစံတခြားစီ ဖြစ်နေတယ်… ငါမေးရင် မင်း အမှန်အတိုင်းပြောမလား…
မိန်းမဖြစ်သူက ဖြေပါ့မယ်လို့ ပြောလိုက်တယ်…
ယောင်္ကျား            –           အဲ့ကလေးက တခြားတယောက်နဲ့ မွေးတဲ့ ကလေးလား…
မိန်းမဖြစ်သူက မ၀င့်မရဲနဲ့ ခေါင်းညိတ်ရှာတယ်… ယောင်္ကျားလုပ်သူက အဲ့ဒီသူက ဘယ်သူလဲ ငါသိပါရစေကွာလို့ ပြောတော့ မိန်းမဖြစ်သူ ၀မ်းနည်းကြေကွဲတဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပုံက
မိန်းမ                  –           အဲဒီ့သူက ရှင်ဖြစ်နေလို့လေ…
တွေးပြီးမှပြုံးပါ…

ဘုံဆိုင်ထဲမှ ဟာသများ

လမ်းတနေရာအရောက် သူငယ်ချင်းနှစ်ယောက် ဆုံတွေ့ကြရာ…
ပထမလူ —– မင်းတွေ့တာနဲ့ အတော်ပဲကွာ ငါ့မိန်းမ ကလေးမွေးချင်နေလို့ အိမ်မှာလဲ ဘယ်သူ့မှ မကျန်ခဲ့ဘူး။ ငါ့ကို ကားသွားငှားပေးပါလားကွာ။

ဒုတိယလူ —– ဆောရီးပဲ သူငယ်ချင်းရာ။ ငါဒီနေ့ ဥပုသ်စောင့်ထားလို့ ထမင်းစားချိန်ကျော်တော့မှာမို့ သွားတော့မယ်ကွာ။
ဒါနဲ့ ဒုတိယလူလဲ ကားငှားပီး သူ့မိန်းမအား ဆေးရုံပို့လိုက်လေသည်။ ညနေစောင်း၍ ဆေးရုံမှ အိမ်သို့ ပြန်လာစဉ် လမ်းထိပ်၌ ထိုသူငယ်ချင်းအား ဆိုင်တဆိုင်တွင် တွေ့လိုက်လေသည်။

ပထမလူ —– သူငယ်ချင်း မင်းပြောတော့ ဥပုသ်စောင့်တယ်ဆို ခုတော့ ဘုံဆိုင်ရောက်နေပါလားကွ။
ဒုတိယလူ —– အင်း… ဥပုသ်စောင့်ထားတယ်လေ။ စိတ်သာ အဓိကကွ ငါက ဒါကို ရေလို့စိတ်ထဲမှာ သဘောထားပြီး သောက်တော့ ဘာမှမဖြစ်ဘူးပေါ့ကွ။
တိန်

တွေးပြီးမှ ပြုံးပါ

မီးလေး ဆေးရုံတက်တော့မည်…

ခုတလော မီးလေးမှာ အပြင်းအထန် ရောဂါတစ်ခု စွဲကပ်နေပါသည်… ဆရာဝန်မှ ကုရာနတ္ထိ ဆေးမရှိဟု ပြောလိုက်ပါသဖြင့် အကြီးအကျယ် စိတ်ညစ်နေပါသည်…. ဆေးရုံတက်ပြီး ကုတောင် ရချင်မှ ရတော့မှာလို့ ဆရာဝန်က ပြောလိုက်ပါ၍ အစားအသောက်ပျက်နေပါသည် (တနေ့ ၅ ပန်းကန် :$)… ဆေးရုံတက်ဖို့ ဗေဒင်တွက်ရွှေးပြီးမှ တက်မည်ဟု ဆုံးဖြတ်ထားတယ်…

Process Addiction လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါ တစ်မျိုး ကူးစက်ခံနေရပါတယ်… ထိုဗိုင်းရပ်စ်ဟာ လူငယ်တော်တော်များများကို ကူးစက်ခံနေရပြီး ဖြစ်ပါတယ်… ပြန့်နှံ့နှုန်းက လေတိုက်နှုန်း ၂၀၀၀၀ ထက် အဆတစ်ရာ ပိုမြန်ပါတယ်… ခုချိန်ထိ ကာကွယ်ဆေး မပေါ်သေးပါဘူး… ထိုရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ အောက်ပါရောဂါလက္ခဏာ (Symptoms) များကို ကြည့်၍ သိနိုင်ပါသည်…


၁။ tolerance – ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)
(အင်တာနက်သုံးတဲ့အချိန်များ နေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊ အချိန်နည်းတယ်လို့ ခံစားရ၊ စိတ်ကျေနပ်မှုမရတာ)

၂။ withdrawal symptoms– ဆေးဖြတ်လက္ခဏာများခံစားရခြင်း –
(အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊ စိတ်ဓာတ် ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။ အင်တာနက်သုံးနေတုန်းမှာ အနှောင့် အယှက်ပေးသလိုဖြစ်ရင် ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။ အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင် ကျေနပ်မှုရတာ)

၃။ ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊
( ဥပမာ-ဘလော့ဂ်မှာ ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့်
ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။)

၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ

၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ

Continue reading

ဘလော့ဂါ အငြိမ့်

ကိုအိမ် ဦးစီးသည့် အငြိမ့်ပွဲ (ကိုအိမ်ဘလော့မှ ကူးယူဖော်ပြပါသည်…)
မီးလေးကို မင်းသမီးလုပ်ဖို့ဆို ခေါ်လွန်းလို့ အားနာပါးနာနဲ့ ကပေးလိုက်တာ… 😛

ရွှေပွဲလာ ဧည့်ပရိတ်သတ်များခင်ဗျား ယခုအချိန်မှစပြီး ဘလော့ဂါ အငြိမ့်ပွဲကိုစတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရူစားတော်မူကြပါ……။
ကတ္တီပါ ကားလိပ်ဖွင့်သည်နှင့် ရွာစားကျော် ကိုဖိုးစိန်ကနေပြီး အရူးမီးဝိုင်း တီးလုံးနဲ့ စတင် တီးခတ်လိုက်ပါတယ်။ အတီးပြီးတော့ လူရွှင်တော်များဖြစ်ကြသော ပေါင်ပေါ်သား တဖြစ်နဲ့ ကိုတောင်ပေါ်သားအရုပ်တမာ အဖြစ်နဲ့ ကိုအရုပ်ကလေးကိုအရမ်းပန်းတယ် ပြောတဲ့ ကိုရမ်းသမ်း.. အဲလေ.. ကိုရမ်းဂန်းဘုစုခရုကလေး အဖြစ် ကိုပုလုကွေး ကိုခြေကျိုးခြင်း အဖြစ်နဲ့ ကိုမြစ်ကျိုးအင်း တို့ကနေပြီး ပရိတ်သတ်ကို လက်အုပ်ချီမိုး ကန်တော့ပြီးသကာလ စတင်ယုတ်မာပါတော့မယ်…. ဟုတ်ပေါင် ယောင်လို့ ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပါတော့မယ်….။
တစ်ရာ့တစ်ပါး ခစားကြစို့ စုံစုံညီညီ ဘလော့ဂါသည် ဝတ္တရားရယ်က ထားသင့်ပေသည်။ လာဖတ်သူ စိတ်ကြည်ရွှင်စေဖို့ ဂုဏ်ထူးဆောင် ခိုးချပါလို့ ပို့စ်တင်သည်။ လာသမျှလူ မေတ္တာပို့စေဖို့….. သူငယ်ချင်းတို့ရေ ဝေ…… အားစိုက်လို့နွှဲ…ဟဲ့ဟဲဟဲ…။

“မင်္ဂလာပါ ကိုပေါင်ပေါ်သားရေ….”
“ကိုရမ်းသမ်းရေ မင်္ဂလာပါဗျာ…”
“ဟိုဘက်က ကိုဘုစုခရုကလေးရေ မင်္ဂလာပါဗျာ….”
“မင်္ဂလာပါ ကိုရမ်းသမ်းရေ…”
“ညာဘက်က ကိုအရုပ်တမာလေးလားခင်ဗျ..”
“ဟုတ်ပါတယ် ကိုရမ်းသမ်းရေ မင်္ဂလာပါ ခင်ဗျာ…”
“ဘယ်ဘက်ဒေါင့်က ကိုမြစ်ကျိုးများလားခင်ဗျာ့ မင်္ဂလာပါဗျာ….”
“မ မင်္ဂလာဘူးဗျာ…”
“ဟ-ဘာဖြစ်တာလဲ ကိုယ့်ဆရာရဲ့ အလိုက်သင့်လေးတော့ ပြောမှပေါ့ဗျ။ ဘလော့ဂါသည်ဆိုတာ ကိုယ့်အပူတွေကို ပို့စ်တင်တဲ့နေရာ မယူလာရဘူးလေဗျာ စာဖတ်သူတွေ စိတ်ညစ်စရာ မပေးပါနဲ့လားဗျာ…”
“ဒီလိုပါ ကိုရမ်းသမ်းရာ ကျနော် အပြင်သွားခါနီးတိုင်း အိမ်က မိန်းမကို စိတ်မချလို့ အိမ်တံခါး အမြဲသော့ခတ်သွားလေ့ ရှိပါတယ်…”
“သြော်.. မိန်းမကို အတော် စိတ်ချပုံရတယ်နော်… ကဲ.. ဆက်ပြောပါဦးဗျ…”

“ပြီးတော့ ကျနော်က သတိမေ့တတ်တော့ သော့ကို ဟိုထား၊ ဒီထားနဲ့ ပျောက်ရှသွားမှာစိုးတာနဲ့ အိမ်ဘေးက လူပျိုးကြီးကို အပ်ပြီးမှ အပြင်သွားလေ့ရှိတယ်ဗျ။ လူပျိုးကြီးကလဲ စိတ်ချပါ ဒီအိမ်ကို အဖိုဆိုလို့ ယင်ဖိုတောင် မဝင်စေရဘူးတဲ့ မှဲ့တပေါက် မစွန်းစေရဘူးတဲ့…..”
“အင်း… လူကြီး၊လူကောင်း ပီသပါပေရဲ့ဗျာ ဆက်ပါဦးဗျ….”

“ဒီနေ့တော့ဗျာ… ကျနော်ဘလော့ဂါအငြိမ့်ပွဲမှာ လူရွှင်တော် အဖြစ်နဲ့ ပါဝင်ကပြရမယ်ဆိုလို့ အိမ်ကထွက် အလာ လမ်းထိပ်နားရောက်မှ လူပျိုကြီးက ကျနော့် အော်ခေါ်ပြီး အမောတကောနဲ့ အပြေးလိုက်လာပါလေရော အနားရောက်တော့ ကျနော်လဲ ဘာဖြစ်လို့လဲလို့ မေးတော့ ခင်ဗျားပေးတဲ့ အိမ်သော့မှားနေတယ်တဲ့ အရင်သော့တွေတုန်းက အဆင်ပြေပြေနဲ့ ဖွင့်လို့ရတယ် ဒီသော့က မရဘူးဗျ အဲဒါလာလဲတာတဲ့….”

ကိုမြစ်ကျိုးအင်း ခေါင်းကို ကျန်လူရွှင်တော်များက ဝိုင်းရိုက်လိုက်ကြသည်။

“ကျနော်ကျတော့ ခင်ဗျားလို မဟုတ်ဘူးဗျ…”
“လုပ်ပါဦး ကိုရမ်းသမ်းရဲ့….”
“ဒီလိုဗျ ကျနော်က ကျနော့်မိန်းမကို အရမ်းချစ်တာဗျ.. တနေ့ သူသွားနာနေတယ် ဆိုတာနဲ့ သွားဆရာဝန်ဆီသွားပြီး ဆရာဝန်ကို ကျနော်အရင်သွားတွေ့ပြီး…. ဆရာ.. သွားနှုတ်ချင်လို့ဗျာ ဆိုတော့ ရပါတယ်တဲ့ ဒါနဲ့ ကျနော်လဲ ထုံးဆေးလဲ မထိုးချင်ဘူး ဆရာ၊ မေ့ဆေးလဲ မသုံးချင်ဘူ၊ ဒီအတိုင်း အစိမ်းသာနှုတ်ပေးပေးဗျာ ရတယ် မဟုတ်လား ဆိုတော့ ဆရာဝန်က ခင်ဗျား အတော် သတ္တိကောင်းတဲ့သူပဲ.. ကဲကဲ ခုံပေါ်တက်လိုက်ပါဦး ကျနော် အရင် စစ်ဆေးကြည့်ပါဦးမယ်ဆိုတော့ မိန်းမရေ ဆရာဝန်က လာခဲ့တော့တဲ့………..”

ကိုရမ်းသမ်း ခေါင်းကို လူရွှင်တော်နှစ်ဦးမှ ဝိုင်းလိုက်ကြသည်။

“ကျနော့်မိန်းမကျတော့ တမျိုးဗျ…”
“လုပ်ပါဦး ကိုပေါင်ပေါ်သားရဲ့….”
“ကျနော့်မိန်းမကျတော့ ကျနော် ဘာလုပ်လုပ် တခွန်းမှကို မပြောတာ အရက်ပဲသောက် သောက်၊ ဖဲပဲ ကစား ကစား၊ တခွန်းမှကို မပြောတာ။ ခင်ဗျားယူထားတဲ့မိန်းမက အအမလားမှ မသိတာ။ ဘယ်နဲ့ဗျာ ပြောတတ်ပါတယ်ဗျ ခင်ဗျားနှယ်။ သြော်-ဒါဆိုတော့ သူ့ယောကျာင်္းကို အတော် ချစ်ပုံရတယ်နော် ယောကျာင်္းဘာလုပ်လုပ် ဘာမှမပြောဘူးဆိုတော့။ ဟုတ်တယ် တခွန်းမှမပြောပဲ တွေ့ရာနဲ့ ကောက်ပစ်ပြီဆော်တာတခုပဲဗျ…”

ကိုပေါင်ပေါ်သားခေါင်းကို လူရွှင်တော်များ ဝိုင်းရိုက်စေ..။

“ကျုပ်မိန်းမကျတော့ တမျိုးဗျ…”
“လုပ်ပါဦး ကြားဖူးတာပေါ့ ကိုဘုစုခရုကလေးရေ…”
“လင်ကိုလဲ အရမ်းရိုသေတယ်။ အချက်အပြုတ်ကလဲ ပထမတန်းပဲ။ ညအိပ်ခါနီးတိုင်းလဲ နင်းနှိပ်ပြီး လင်ကိုရှိခိုးပြီးမှ အိပ်တာ။ အလှအပအတွက်ဆိုလဲ လင်ကို မပူဆာဘူး သူ့ရှိတာလေးနဲ့ လှအောင် ဝတ်တတ်တယ်။ ကုန်ကုန်ပြောမယ်ဗျာ နေတာထိုင်တာကအစ ဗိုင်ကောင်ကျောက်ပိနေတာဗျ…”
“သြော်….. တော်လေးဝဝင် အမျိုးသမီးဆိုတာ အဲဒါမျိုး ထင်တယ်နော်…”
“အင်း…..ပြောစရာက တခုပဲရှိတယ်ဗျ…”
“ဟာဗျာ ဒီလောက် တော်တဲ့ကောင်းမွန်တဲ့ မိန်းမကိုဗျာ အပြစ်တခုလောက်နဲ့ စာဖွဲ့မနေပါနဲ့ဗျာ အင်္ဂလိပ်စကားတောင် ရှိသေးတာပဲ နိုးဘာဒီပါဖက် အိပ်ဆက်သည်ဂေါ့တဲ့ဗျ မြန်မာလို ကဗျာ ဆန်ဆန် စာဆန်ဆန်ပြောရရင်တော့ ခြောက်ပစ်ကင်း သဲလှဲစင် ဆိုတာမျိုးလို့ပဲ ပြောရမလားတော့ မသိဘူး…”
“ခင်ဗျားကလဲ ဇွတ်ချည်းပဲ သေချာနားမထောင်ဘူး ကာယကံရှင် ပြောတာလဲ နားထောင်ဦးမှ ပေါ့ဗျ….”
“လုပ်ပါဦး ကိုဘုစုခရုကလေးရဲ့ အဲဒီပြောစရာက ဘာများလဲဗျ……”

“သူ့အပြစ်က ကျုပ် ခရီးသွားတိုင်း လင်ငယ်ကို အိမ်ပေါ်ခေါ်တင်ထားတာပဲဗျ…”
ကိုဘုစုခရုကို ဝိုင်းရိုက်နေကြစေ..။

“ကိုအရုပ်တမာ မိန်းမအကြောင်းလေး ပရိတ်သတ်သိအောင် ပြောပြပါဦးဗျ…”
“ကျနော့်မိန်းမ အကြောင်းလား မပြောချင်တော့ပါဘူးဗျာ….”
“မပြောချင်လဲ နေတော့….”
“ဟုတ်ဘူးလေဗျာ ပြောချင်လွန်းလို့ စကားခံတာလေဗျာ အကိုတို့ကလဲ စိတ်ကြီးပဲ…”
“မသိဘူးလေဗျာ ခင်ဗျားက မပြောချင်တော့ပါဘူးဆိုလို့ မပြောချင်လဲ မပြောနဲ့လို့ စေတနာနဲ့ ပြောတာပါ…”

“ကိုင်း..ကိုင်း… ကျုပ်တို့ချည်းပဲလဲ မပြီးသေးဘူး ဆရာတို့ရေ ကျုပ်တို့ရဲ့ အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေးနဲ့ ပရိတ်သတ်ကြီးနဲ့ မိတ်လိုက်.. .အဲလေ …မိတ်ဆက် ပေးရဦးမယ် မဟုတ်လားဗျာ… ကဲကဲ ဒီအထဲမှာ အကြီးဆုံး ဖြစ်တဲ့ ကိုရမ်းသမ်းရေ ခင်ဗျားပဲ ခေါ်ပါဗျာ…”
“ဟဲ့ ဘာကြီးတာလဲ မရှင်း၊ မရှင်းမလုပ်နဲ့နော်…..”
“အသက်ပြောတာပါဗျ ခင်ဗျားနှယ် အသက်ကြီးပြီး အချိန် မစီးဘူး…”
“အို… ခင်ဗျားကလဲ ကျုပ် အသက်က အခုမှ ၁၅နှစ်ကို နှစ်၂၀စွန်းရုံလေးပဲ ရှိသေးတာပါဗျ…..”

“ကဲ..ကိုယ့်ဆရာ စကားမရှည်နဲ့တော့ ခေါ်စရာ ရှိတာခေါ်ဗျာ ပရိတ်သတ်ကြီးက ရှေ့ထွက် မင်းသမီးလေး ကြည့်ချင် မြင်ချင်လှပြီ ခေါ်ပါတော့ဗျ…”
“ကဲဗျို့ မင်းသမီးချောလေးကို ပွဲထုတ်ဖို့ အချိန်တန်ပြီမို့ ဗိုက်ပူလို့ တင်ကား… အသားကမည်း၊ သွားကကျဲ၊ ဂုဏ်ရှိန်တွေ အသွင်ထူးပါတဲ့ မင်းသမီးလေး ဒွင်းဒွင်းစိန်….. ရေ……”

“အကိုတို့ရေ မင်္ဂလာပါရှင်..”
“မင်္ဂလာပါ ဒွင်းလေးရေ…။ အခုလို ဘလော့ဂါ အငြိမ့်ပွဲမှာ ခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေး အဖြစ်နဲ့ ကပြ အသုံးတော်ခံရတာ သမီးအနေနဲ့ အင်မတန်မှပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်ရှင်…”
“ဂုဏ်ယူစရာပါပဲ ဒွင်းလေးရေ။ ကျနော်တို့ အနေနဲ့ ဇာတ်ဆရာ ကိုအိမ့်ကိုလဲ ကျေးဇူးမမေ့ သင့်ပေဘူးဗျ သူစပွန်ဆာ ပေးလို့လဲ ကျုပ်တို့တွေ အခုလို ဘလော့ဂါ အငြိမ့်ဆိုပြီး ဖြစ်လာတာပဲ မဟုတ်လားဗျာ…”
“ဟုတ်ပါ့ဗျာ ကျုပ်တို့ အနေနဲ့ သူနဲ့ အပြင်မှာ တွေ့ခဲ့ရင် ဝိုင်းရိုက်ကြဖို့… ဟုတ်ပေါင်.. ဝိုင်းပြီးပြုစု ကြဖို့ မမေ့သင့်ပေဘူးဗျ။ မှန်ပါ့ဗျာ ကိုပေါင်ပေါ်သားရေ မြန်မာလူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာ အရ ကျေးဇူးရှိသူကို ကျေးဇူးကမ်းတာ ထုံးစံ မဟုတ်လားဗျ…”
“အာ.. ကိုအရုပ်တမာကတော့ လုပ်ပြီ ကျေးဇူးရှိသူကို ကျေးဇူးဆပ်တယ် လုပ်ပါဗျ ဘယ်နဲ့ ကျေးဇူးကမ်း ဖြစ်ရတာတုန်းဗျ…”
“ခင်ဗျား ခေတ်နောက်ကျနေပြီ ထင်တယ် ကိုဘုစုခရုကလေးရေ ခုခေတ်က ကျေးဇူးဆပ်တာ မဟုတ်ဘူး ကမ်းတဲ့ ခေတ်ဗျ…”

“ကဲကဲ… အကိုတို့ရေ သမီး ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးကို သမီးရဲ့မျက်စေ့နောက်စရာ ကောင်းလှတဲ့ အကနဲ့ ဖျော်ဖြေချင်လှပါပြီ”
“ကဲ…. အသုံးတော် ခံစေဗျား…”
“ဒါနဲ့ ဘယ်လို အကကပြီး ဘာသီချင်းနဲ့များ အသုံးတော် ခံမှာတုန်းဗျ..။ ဟုတ်ကဲ့ သမီးကို ဇာတ်ဆရာ အူးအိမ်ကနေပြီး သေသေချာချာ လက်ထပ်သင်ပေး ထားတဲ့ ဆပ်ပြာသည်လင်ပျောက် အကနဲ့ ဖျော်ဖြေပါရစေလားရှင်…”

“ဘုရား..ဘုရား…. သေသေချာချာ လက်ထပ်သင်ပေးတယ် ဆိုပါလား…”
“အို….အကိုတို့ကလဲ အီးရဲ့သမူးကို ဟုတ်ပေါင် သမီးရဲ့ဦးကို အဲလို မပြောပါနဲ့ ဦးက သဘော ကောင်းပါတယ်၊ သေချာ လက်ထပ်သင်ပေးတယ်ဆိုတာက စည်းနဲ့ဝါး ကစပြီး လက်အယူအသိမ်း၊ အထိုင်အထ အလည်၊ မျက်နှာပေး အဆုံးသေချာသင်ပေးတာကိုပြောတာပါ…”
“အိမ်း…. တို့အကိုအိမ်ကိုလဲ ရွာမှာ သွားပြီး သင်ခိုင်းဦးမှပဲဗျာ ရွာက လူတွေက စည်းနဲ့မဝါးပဲ ကြုံသလိုဝါးနေတာတွေ၊ လက်အယူ အသိမ်းမြန်တာတွေ၊ ထိုင်ပြီးရင် ပြန်မထချင်တာတွေ မျက်နှာက တလောကလုံး သူတို့ လုပ်စာ ထိုင်စားနေတဲ့ ပုံစံတွေကို သေချာသင်ခိုင်းဦးမှပဲ… မကောင်းဘူးလား ကိုအရုပ်တမာရေ…”
“မလုပ်ခိုင်းပါနဲ့ဗျာ တော်ကြာ တို့ကိုကြီးအိမ်ပါ သူတို့သင်ပေးတာမှာ သူတို့က ပြန်သင်ပေးလိုက်လို့ ဓာတ်တွေ ကူးကုန်ပါ့မယ်ဗျာ နေပါစေတော့..”

“ကိုင်း….. စကားချည်းပြောနေလို့ မပြီးသေဘူးဗျို့ ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးကတော့ မင်းသမီးလေးကို မြင်နေပြီ သူ့ရဲ့ ရင်သတ်ရူမောဖွယ် အကလေး၊ အသံလေးဖျော်ဖြေတာ မြင်ချင်လှပါပြီတဲ့ဗျာ ကဲ… ရွာစားကျော် ကိုဖိုးစိန်ရေ အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေး အကကို ပရိတ်သတ် ရှုစားနားဆင်ရအောင်… ရွာစားရေ ဖေးမလို့ ပေးပါဦး…..ဗျ……………”

ရွာစားကျော်ကိုဖိုးစိန်မှ ပွဲစမှာ တီးခဲ့တဲ့ အရူးမီးဝိုင်း တီးလုံးနဲ့ စတင် တီးခတ်လိုက်ရင်ကိုပဲ…။ “မြင်မြင်ချင်းပင် ဘာကြောင့်များ ရိုက်ချင်တယ် ဘဝဟောင်းက သူ့ရန်ကြွေးကြောင့် ထင်တယ်+++++ ယုံကြည်ပါနော်တကယ် ကျမမှာအစဉ်တကယ် ရှင့်ကိုသာကွယ် ရိုက်++သတ်ချင်တယ်+++++ +++++++++++++ သိကြားမင်း ဖျက်တောင် မပျက်နိုင်ပါဘူး ရှင်တခွက်လောက် သောက်ရင် ပုဆိုးစလွယ်သိုင်းချင် တစ်ပုလင်းသောက်တော့…. အရပ်ကိုလှည့်လို့ မေတ္တာတိုးအောင် အော်ဆဲသရှင်++++ ဖဲရိုက်တာ++ဂျင်ကစားတာတွေ အစုံအလင်++ ကြက်တိုက်တာ၊ကျားထိုးတာ တနေ့လုံးပင်++++ ညဘက်မှာတွက်ချက်တာလဲ မပျက်ပေါင်ရှင်++++ သူ့ကိုသာပင် စိတ်ထဲက အသည်းရော အူရောပင် သတ်မယ် ကြံသရှင် တနေ့ကိုးကြိမ်မကအောင် ပါပဲရှင်++++ ညအိပ်ယာထဲဝင်++++ ဘုရားရှိခိုးရင် သူ့ကိုရည်မှန်းကာ အသက်တိုပါစေ၊ အမှုပိုပါစေရှင်++++”
“အကိုတို့ရေ သီချင်းလေးက မကောင်းဘူးလားရှင်…”
“ကောင်းပါ့မင်းသမီးလေးရေ နားထောင်နေရတဲ့ ပရိတ်သတ်ကြီးတော့ မသိဘူး ကျုပ်တို့မှာတော့ ဘယ်သူများလဲလို့ အတွေးပွားနေရတယ်ဗျို့…”

“သမီးပရိတ်သတ်ကြီးကို နောက်သီချင်းတပုဒ်နဲ့ ထပ်ဖျော်ဖြေပါရစေလားရှင်…”
“ကဲ …. ရူစားနားဆင်ပါရစေဗျား…”
“အရက်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တခု+++ ဘယ်သူမပြုမိမိမှု +++ သောက်ကြည့်လိုက်ပါ အခု၊++ အရသာဟာ ခါးသီးလို့++ သောက်လိုက်မယ် ဂလု+++ ၄၁ထက်ဒီဂရီကျော်ရင် အန်ဖတ်တွေစု++++ ဇရပ်မင်းစည်းစိမ်++++ ဆိုတာကရော +++နောက်နေ့အတွက် ခေါင်းကိုက်စရာ+++++ အရက်သောက်မြစ်တခု….”

“ဖျောင်းဖျောင်းဖျောင်း…. လှလိုက်တဲ့ ကွက်တွေဗျာ ဘယ်လိုကသွားမှန်းတောင် မသိလိုက်ဘူး။ ခင်ဗျားနှယ် ဆပ်ပြာသည်လင်ပျောက် အကပါဆိုမှတော့ ဒီလောက်တော့ ရှိမှာပေါ့ဗျာ….”

“ကဲဗျို့ မင်းသမီးအလှည့်ပြီးတော့ ကျုပ်တို့ အလှည့်ရောက်လာပြီဗျ.. ဒီတော့ အလှည့်ကျရင် မနွဲ့ကြစတမ်းကိုးဗျ နော… ဒီတော့ ကျနော်က သံချပ်တိုင်မယ် ခင်ဗျားတို့က လိုက်ဆိုဗျာ ပျော်ပျော်ပါးပါးပေါ့ ဟုတ်ဘူးလား။”
“အိုကေဗျာ ကောင်းတယ်ဗျို့ ကိုခြေကျိုးခြင်းရေ လုပ်ဗျာ မြန်မြန်လေး ဆိုချင်လှပြီ….။ ကဲ..စလိုက်ကြရအောင်…” (ရွာစားကျော် ကိုဖိုးစိန်ကို လက်ဖြင့် အချက်ပြလိုက်သည်)

“မိုး..မိုး…မိုးလားမောင်တို့.. ကျုပ်အော်ရင် ခင်ဗျားတို့က လေ..လေ..လေ.လားမောင်တို့ ..လို့ ပြန်အော်ပေး အဲဒီလိုပဲ ကျုပ်လေ..လေ လေလားမောင်တို့ဆို ခင်ဗျားတို့က မိုး..မိုး..မိုးလားမောင်တို့ ပြန်အော်မယ် ဟုတ်ပြီလား…”
“အိုကေဗျာ စမယ်… ဝမ်း၊ နှစ်၊ သရီး….. မိုး…မိုး…မိုးလာမောင်တို့ ”
“လေ..လေ.. လေလားမောင်တို့..”
“လေ…လေ..လေလားမောင်တို့”
“မိုး…မိုး…မိုးလားမောင်တို့”
“နိုင်ငံ့အကျိုးသယ်ပိုးနေ …. လေ..လေ.. လေလားမောင်တို့…”
“ဟဲ့ဟဲ့ ဘယ်နဲ့လေ..ရမှာတုန်း အမှန်အကန် လုပ်နေကြတာ ခင်ဗျားတို့ အမြင်ပဲလေဗျာ အဲသလိုတော့ မစော်ကားပါနဲ့ မကူညီချင်နေ မနှောက်ယှက်ပါနဲ့။ ကဲ…ကျုပ် နိုင်ငံ့အကျိုးသယ်ပိုးနေ တို့ပြည်သူတွေ ကောင်းစားစေဘို့ အဲလိုဆိုပါဗျ ….”
“သိဘူးလေ ခင်ဗျားက အစကထဲကမှ မပြောတာပဲ … ကဲပြန်ဆိုစေဗျာ စိတ်ကြိုက် ဖြစ်စေရမယ်…”
“နိုင်ငံ့အကျိုးသယ်ပိုးနေ…. တို့ပြည်သူတွေ ကောင်းစားစေဘို့”
“တို့ပြည်သူတွေ ကောင်းစားစေဘို့ ….. နိုင်ငံ့အကျိုးသယ်ပိုးနေ………..”

“တို့နိုင်ငံမှာ လာဘ်စားနေတာ …. တို့ပြည်သူတွေ ကောင်းစားစေဘို့…..”
“အာ …လုပ်ပြန်ပြီ လာဘ်စားတာ ပြည်သူတွေ ဘယ်လိုကောင်းစားမှာလဲဗျ သူတို့ မိသားစုပဲ ကောင်းစားမှာပေါ့..ဟ..”
“ခင်ဗျားက အစကထဲကမှ မပြောတာပဲဟာ ဘယ်လိုသိမှာလဲ”
“ကဲ..ဒါဆိုရင် ကျုပ်က တို့နိုင်ငံမှာ လာဘ်စားတာ မကျေနပ်ရင် ဖုန်းဆက်တိုင်ကြလို့ ခင်ဗျားတို့က ပြန်ဆိုမယ် အိုကေ… ပြန်စမယ်…”
“တို့နိုင်ငံမှာ လာဘ်စားနေ….”
“မကျေနပ်ရင်ဖုန်းဆက်တိုင်ကြ …”
“မကျေနပ်ရင် ဖုန်းဆက်တိုင်ကြ…”
“တို့နိုင်ငံမှာ လာဘ်စားနေ…”
“ဒါနဲ့ မသိလို့ မေးရဦးမယ် ကိုခြေကျိုးခြင်းရေ အဲလို ဖုန်းဆက်တော့ရော တကယ် အရေးယူလို့ လားဗျာ… ကျနော်တော့ တခါမှကို မကြားသေးဘူး လာဘ်စားလို့ အရေးယူတယ်ဆိုတာ…”
“ဟေ့… ဆရာတို့ သံချပ်တိုင်စရာ ရှိတာတိုင်ပါ နိုင်ငံရေးတွေ မပါကြေးနော်…”
“ပြန်စမယ်… ကျုပ်က ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေလို့ အော်ရင် ခင်ဗျားတို့က ထိုင်ခုံလုတာ ခဏ၊ခဏ ပါပဲလို့ ပြန်အော်မယ် ဟုတ်ပြီနော် ..”
“အိုကေ စမယ်ဗျာ… ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ….”
“ထိုင်ခုံလုတာ ခဏ၊ခဏပါပဲ…”
“ထိုင်ခုံလုတာ ခဏ၊ခဏပါပဲ….”
“ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ….”

“တို့နိုင်ငံက လူကြီးတွေ….. ထိုင်ခုံလုတာ ခဏ၊ခဏ ပါပဲ…..”
“ဟေ့ဟေ့…. အာ… ခင်ဗျားတို့ အဖမ်းခံရတာ့မှာပဲဗျာ..”
“သိဘူးလေ ခင်ဗျားက အစထဲကမှ မပြောတာ ဘယ်သိမလဲ…”
“ခင်ဗျားတို့ကလဲ ညံ့လိုက်တာဗျာ မြန်မာတွေ လုပ်နေပြီးတော့ ကျုပ်တို့ မြန်မာတွေ ဘယ်လောက်တောင် အရည်အချင်းရှိလဲဆိုရင်… အမှုတခု ဖြစ်ပြီဆိုရင် ဒီအမှုရဲ့ အဆုံးသတ်ကို သိပြီးသား၊ အဲဒီလိုပဲ ဇာတ်ကားတကား ကြည့်တယ်ဆိုရင် ဇာတ်လမ်း အဆုံးသတ်ကို သဘောပေါက်ပြီးသား သဘောကတော့ ဒီဇာတ်လမ်း ဘယ်လို အဆုံးသတ်မလဲဆိုတာ သိပြီးသားလေ… ဟဲဟဲဟဲ…။ အခုတော့ ခင်ဗျားတို့က နိုင်ငံက လူကြီးတွေရဲ့ စေတနာနဲ့ မေတ္တာကို စော်ကားလိုက်သလိုပဲဗျာ ..နောက်ကို အပြောအဆိုဆင်ခြင်ပါဗျာ…”
“မသိလို့ပါ အကိုခြေကျိုးခြင်းရယ် နောက်ဆို ဆင်ြခင်ပါ့မယ်ဗျာ..။ ကောင်းပြီ ပြန်စမယ်.. ကျုပ်က… တို့နိုင်ငံက လူကြီးတွေ လို့အော်ရင် ခင်ဗျားတို့က ကျန်းမာစေကြောင်း၊ မာစေကြောင်း.. ဒီလို ပြန်အော်ရမယ်..ဟုတ်ပြီနော်..”
“အိုကေ စပြီဗျာ တို့နိုင်ငံကလူကြီးတွေ… ကျန်းမာစေကြောင်း”
“မာစေကြောင်း…”

“ကိုင်း… ဆ၇ာတို့ရေ အချိန်လဲ စေ့တော့မယ်ဗျာ စာဖတ်သူတွေလဲ မျက်စေ့ညောင်းလောက် ရောပေါ့။ ကျုပ်တို့ရဲ့ နောက်ထွက် မင်းသမီးလေးကို ပွဲထုတ်ကြပါစို့လားဗျာ…”
“ဟ.. ရှေ့ထွက်မင်းသမီးနဲ့ ခေါင်းဆောင် မင်းသမီးပဲ ရှိပါတယ်ဗျာ…”
“အိုး… အဲဒါက အပြင်မှာ ကျုပ်တို့ ဘလော့မှာတော့ နောက်မှထွက်ရင် နောက်ထွက်ပဲ…”

“ဟုတ်ပါပြီ… ကဲ… နောက်ထွက်မင်းမီးချောလေးကို ပရိတ်သတ်ကြီးနဲ့ ပေးတွေ့လိုက်ကြရ အောင်လာဗျာ…”
“ကိုရမ်းသမ်းရေ ခင်ဗျားပဲ ခေါဗျာ …”
“ခေါ်တယ် လုပ်ပါဗျာ.. ခင်ဗျားကလဲ…”
“ခေါ်ပြီဗျာ… အဟမ်း…အဟမ်း… နိုင်ငံတလွှားရှာမှရှားတဲ့ အသပြာမမက်ဘဲ ခါးချိအောင်ရေးနေ ပါတဲ့ ဘလော့ဂါသူလှပျိုဖြူလေးဖြစ်တဲ့ မင်းသမီးလေး ပြာကလပ်စိန်အဖြစ်နဲ့ မီးလေး…….ရေ…”

“အားလုံးပဲ မင်္ဂလာပါရှင် …”
“မင်္ဂလာပါ ပြာကလပ်စိန်လေးရေ…”
“သမီးအနေနဲ့ အခုလို ဘလော့ဂါ အငြိမ့်မှာ ပါဝင်ကပြဖျော်ဖြေရတဲ့ အတွက် အတိုင်းမသိဝမ်းသာ ပျော်ရွှင်မိပါတယ်ရှင်….”
“ဟုတ်ပါ့ဗျာ ကျနော်တို့လဲပျော်ရွှင် မိပါတယ်ဗျာ”
“ကဲ… မင်းသမီးလေး ပြာကလပ်စိန်ရေ အချိန်ရှိခိုက် လုံ့လစိုက်လိုက်ကြရအောင်လားဗျာ…”
“သမီးကပြ အသုံးတော်ခံမှာကတော့ အူးအိမ်ကနေပြီး သေသေချာချာ ကိုယ်ဖိ၊ရင်ဖိ သင်ပပေးထားတဲ့ မျောက်မူးလဲ အကနဲ့ ကပြဖျော်ဖြေမှာပါရှင်…”
“ဘုရားဘုရား လာပြန်ပဟ နောက်တယောက် ပထမတယောက်တုန်းက သေချာ လက်ထပ်သင်ပေးတာတဲ့၊ ခုတယောက်ကျတော့ ကိုယ်ဖိ၊ရင်ဖိ ဆိုပဲ… ကျုပ် လူရွှင်တော် မလုပ်စားတော့ဘူးဗျာ ဇာတ်ဆရာပဲ လုပ်စားတော့မယ်…”
“အို.. အကိုကလဲ အူးကို အဲလိုမပြောပါနဲ့ အူးက သဘောကောင်း၊ မနောကောင်း၊ သဘောဖြူအူစင်းကြီးပါရှင့်..”
“သဘောကောင်း မနောကောင်းကတော့ ထားပါတော့ အူစင်း၊ မစင်း မင်းသမီးက ဘယ်လိုသိတာလဲ…”
“သိတာပေါ့ရှင့် လူတယောက်အကြောင်း ပေါင်းကြည့်တာနဲ့ သိသာပါတယ်…”
“မင်းတို့ကလဲကွာ တို့ကိုကြီး အိမ်ဆို မှိုချိုး၊မြှစ်ချိုး၊ ကန်ဇွန်းရွက်ချိုးသလို ပြောချင်နေကြတော့ သကိုး… တကယ်တော့ တို့ အကိုကြီးက ကြောင်းပါးကြီးပါကွ…”
“ဟေ့လူ… ကိုပေါင်ပေါ် ခင်ဗျားပြောမှပဲပိုဆိုးနေတယ် တော်ပါတော့ဗျာ သူ့ခမျာလဲ ခင်ဗျားတို့လုပ်မှ ခွေးလုံးလုံး ဖြစ်လိုက် ၊ ကြောင်းလုံးလုံး ဖြစ်လိုက်နဲ့…”
“ဟာ…ဟေ့လူ အဲလိုမပြောနဲ့ ကျုပ်က ကြောင်နဲ့ပဲ နှိုင်းသေးတာ ခွေးဝဲစားပါလို့ မပြောသေးဘူး…”
“ဟုတ်ပါတယ် မပြောသေးပါဘူး ဒါပေမဲ့ မင်းသမီးက ဦးလို့ခေါ်တာ အူး.. အူး ..အူး နဲ့ခေါ်နေတော့ ဟိုတယောက်လဲ ကြာရင် ခွေးလို ထအူဖို့ပဲ ကျန်တော့တယ်…”
“ခင်ဗျားလုပ်မှ ပိုဆိုးနေတယ်ဗျို့….”

“ကိုင်း… မင်းသမီးလေးရဲ့ ရူမငြီးတဲ့ ရုပ်ကလေးကို ခံစားကြည့်ရူရင်း၊ အကလေးနဲ့ အသံလေးပါ တွဲဖက်ကြည့်ရအောင် ရွာစားကိုဖိုးစိန်ရေ ဝိုင်းလို့မပါဦး………ဗျ…..”

ကိုဖိုးစိန်မှ ကုလားသိုက် ကျားဝင်ကိုက်သလိုမျိုးအတီးလေးနဲ့ စတီးလိုက်ရင်ကိုပဲ………..။ “ကျနော့်ယောက္ခမ ဒေါ်စိန်ဖြူ ကျောမှာ၊ရင်မှာ အမွှေးတွေထူ++++ အများနဲ့မတူ၊ ကုလားနဲ့ယူ စံပယ်ကြည့် ကြည့်ရင် ရိုက်ချင်တယ်တမူ၊ အဲချင်စရာလဲ ကောင်းလှသူ ကျနော့် ယောက္ခမ၊ ယောက္ခမ ဒေါ်စိန်ဖြူ+++ ဂီတကိုလဲ မုန်းလေးသူ ယောက္ခဒေါ်စိန်ဖြူ၊ ကျန်းမာရေးလဲ မလိုက်စားသူ ယောက္ခမဒေါ်စိန်ဖြူ++++++ ပုသိမ်ထီးလေးနဲ့ ဈေးသွားဈေးပြန် အတင်းတုတ်သူ++++ ကျနော့် ယောက္ခမ၊ယောက္ခဒေါ်စိန်ဖြူ……..”

“အကိုတို့ရေ သမီးနောက်တပုဒ်နဲ့ ဆက်လက်ဖျော်ဖြေချင်တာကတော့.. ဒီလိုပါတဲ့ရှင်….. ”
“တခန်းစီခြားပေမဲ့ အမှုတွဲထားသူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ အချုပ်ခန်းကြားက ခွန်းဆင့်ခြွေရဲ့လေ ++++ ချစ်သူမောင်ရေ++++ အရင်တုန်းကလေ ညစဉ်၊ ညတိုင်းထွက်ကဲ တာတွေ အခုများတော့ လူသိရှင်ကြား ဖြစ်ပြီထင်ရဲ့လေ++++ ချစ်သူရေ++++ ထောင်ထဲမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ.. မောင်ရေ အခုများတော့+++ တခန်းစီခြား…… နေပြီ… မောင်….. ရေ……….”

အချိန်စေ့ပြီ ဖြစ်သောကြောင့် လူရွှင်တော်များနှင့် ရှေ့ထွက်မင်းသမီးနှင့်နောက်ထွက် မင်းသမီးတို့ကနေပြီး ပရိတ်သတ်ကြီးကို လက်အုပ် ချီမိုးရင်း… ကတ္တီပါ ကားလိပ်ကြီး ကျလာပါ တော့တယ် ….ခင်ဗျားးးးးး။

ကျနော်အခုရေးထားတာတွေက ဖတ်ဖူး၊ကြည့်ဖူးတဲ့ စာအုပ်၊ ဗီဒီယိုတွေထဲက စကားလုံးများကို မှတ်မိသလောက် ပြန်လည်ခိုးချ..အဲလေ ရေးပြလိုက်တာပါ တချို့ကတော့ ကိုယ်ပိုင် စကားလုံးများ ဖြစ်ပါကြောင်း… ဘလော့ဂါ အငြိမ့်ပွဲ ၂ ကိုတော့ ကိုမြစ်ကျိုးအင်းကနေပြီး ဆက်လက် ရေးသားပါမယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း…………။

>စကားနှစ်ခွန်းမပြောတတ်ပါ…

>

ရုံးတရုံး၌ ၀န်ထမ်းသစ်တဦးအား ၀န်ထမ်းဟောင်းမှ မှာကြားနေသည်မှာ –
ဝန်ထမ်းဟောင်း – ငါတို့အထက်အရိရှာ ဂျာကြီးက အပေါက်လည်း စိုးတရ်။ တအားလည်း ဆူတရ် ကြည့်သာနေ မင်းက လူသစ်မို့ပြောပြတာ သူ့မျက်စိကျအောင် နေရင်နေ မနေလို့ကတော့ မင်းဒီအလုပ်မှာ မြဲလိမ့်မယ် မထင်နဲ့
ဝန်ထမ်းသစ် – ခုလိုပြောပြတာ ကျေးဇူးတင်တယ်ဗျာ နို့မဟုတ်ရင် ခက်ခက်ခဲခဲရထားတဲ့အလုပ် ပြုတ်သွားရင် ဒုက္ခရောက်မှာဗျ..
တီ…တောင်…
ဝန်ထမ်းဟောင်း – ဂျာကြီးအခန်းကခေါ်နေပြီ မြန်မြန်လာကွ

မန်နေဂျာ – ငါပြောထားတဲ့ လုပ်ငန်းစဉ်အကြောင်းတွေ ပြောထားပြီးပြီလား
ဝန်ထမ်းဟောင်း – ဟုတ်ကဲ့ ပြောပြီးပါပြီ ဂျာကြီး… ဂျာကြီး ဘယ်လိုတော်ကြောင်း၊ သဘောကောင်းကြောင်း၊ စိတ် စိတ်
မန်နေဂျာ – တော်..တော်..တော် မင်းတို့လုပ်စရာရှိတာ သွားလုပ်တော့
“ဟုတ်ကဲ့ ဂျာကြီး”
ဝန်ထမ်းသစ် – ခုနက ပြောတုန်းကနဲ့ ဂျာကြီးရှေ့မှာ ပြောတာနဲ့ တူလည်း မတူဘူး…
ဝန်ထမ်းဟောင်း – ငါက စကားတခွန်းကို နှစ်ခါထပ်မပြောတတ်ဘူးကွ

စကားနှစ်ခွန်းမပြောတတ်ပါ…

ရုံးတရုံး၌ ၀န်ထမ်းသစ်တဦးအား ၀န်ထမ်းဟောင်းမှ မှာကြားနေသည်မှာ –
ဝန်ထမ်းဟောင်း – ငါတို့အထက်အရိရှာ ဂျာကြီးက အပေါက်လည်း စိုးတရ်။ တအားလည်း ဆူတရ် ကြည့်သာနေ မင်းက လူသစ်မို့ပြောပြတာ သူ့မျက်စိကျအောင် နေရင်နေ မနေလို့ကတော့ မင်းဒီအလုပ်မှာ မြဲလိမ့်မယ် မထင်နဲ့
ဝန်ထမ်းသစ် – ခုလိုပြောပြတာ ကျေးဇူးတင်တယ်ဗျာ နို့မဟုတ်ရင် ခက်ခက်ခဲခဲရထားတဲ့အလုပ် ပြုတ်သွားရင် ဒုက္ခရောက်မှာဗျ..
တီ…တောင်…
ဝန်ထမ်းဟောင်း – ဂျာကြီးအခန်းကခေါ်နေပြီ မြန်မြန်လာကွ

မန်နေဂျာ – ငါပြောထားတဲ့ လုပ်ငန်းစဉ်အကြောင်းတွေ ပြောထားပြီးပြီလား
ဝန်ထမ်းဟောင်း – ဟုတ်ကဲ့ ပြောပြီးပါပြီ ဂျာကြီး… ဂျာကြီး ဘယ်လိုတော်ကြောင်း၊ သဘောကောင်းကြောင်း၊ စိတ် စိတ်
မန်နေဂျာ – တော်..တော်..တော် မင်းတို့လုပ်စရာရှိတာ သွားလုပ်တော့
“ဟုတ်ကဲ့ ဂျာကြီး”
ဝန်ထမ်းသစ် – ခုနက ပြောတုန်းကနဲ့ ဂျာကြီးရှေ့မှာ ပြောတာနဲ့ တူလည်း မတူဘူး…
ဝန်ထမ်းဟောင်း – ငါက စကားတခွန်းကို နှစ်ခါထပ်မပြောတတ်ဘူးကွ

>Hello…Mielay

>

“ကလင်… ကလင်… ကလင်…”
သူများတွေ အိပ်နေတဲ့ဟာကို တော်တော်အနှောင့်အယှက်ပေးတဲ့ဖုန်း… ဟွန့်
“ဟဲလို”
“မီးလေးရှိလား”
“ရှိဘူး… ဘာပြောပေးရမလဲ”
“မီးလေးနဲ့တိုင်ပင်စရာရှိလို့.. ရတယ် နောက်မှ ထပ်ဆက်လိုက်မယ်”
“ပြောစရာရှိရင် ပြောလေ မီးလေးက တို့အကြံပေးတာ လိုက်လုပ်နေတာ”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello…Mielay”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello…Mielayပါဆို၊ ပြောမှာလား မပြောဘူးလား၊ မပြောရင် ဖုန်းချလိုက်တော့မယ်”
“ပြောမယ်…ပြောမယ်…ဖုန်းတော့မချလိုက်ပါနဲ့ Hello…Mielayရယ်”
“ကဲ…ဒါဆိုလဲပြော”


“ကျွန်မက မေလေးပါ… ရည်းစားနဲ့ ခုကွဲမလိုဖြစ်နေကြပြီ။ ဟင့် ဟင့်… ခုတောင် မီးလေးက ဖြေရှင်း ပေးနိုင်တယ်ပြောလို့ ဆက်လိုက်တာပါ”
“လုပ်ပြန်ပြီ Hello…Mielay ပါဆို မပူစမ်းပါနဲ့… Hello…Mielay နဲ့တွေ့လို့က ပြဿနာအားလုံး..”
“ပြေလည်သွားရောလားဟင်”
“စကားကို ဆုံးအောင်နားမထောင်ဘူး… ပြဿနာအားလုံးလျှော်(အသက်… ဟီ…ဟိ)လို့ ပြောမလို့”
“ရှင်…”
“သြော်… အကုန်လုံး လျှောခနဲဆို ပျောက်သွားတာကိုပြောတာ”
“အော်…အော်”
“ဆက်ပေါ..အဲလေ ဆက်ပြော”
“သူကလေ နောက်တယောက်နဲ့တွေ့နေတယ် ဘယ်လိုလုပ်ရမလဲ ပြောပါဦး”
“ဒါများ လွယ်လွယ်လေး”
“လုပ်ပါဦး ကျေးဇူးရှင်လေးရယ်”
“သူက တယောက်နဲ့တွဲရင် ကိုယ်က နှစ်ယောက်နဲ့ပြန်တွဲပြလိုက်ပေါ့”
“သူနဲ့ကျွန်မ ပြန်အဆင်ပြေသွားရောလား ဟင်”
“ဟင့်အင်း… တခါတည်း ပြတ်ရော”
“အန်င်”
“ဒါများမပူနဲ့ နှစ်ယောက်တောင်တွဲတာ တယောက်ယူလိုက်ပေါ့… ဆိုရိုးတောင်ရှိသေး ရည်းစားတထောင် လင်ကောင်းတယောက်တဲ့”
“တော်ပါသေးရဲ့ ယူပြီးမှ ဖောက်ပြန်နေရင် ဘယ်လိုလုပ်မလဲ စောစောသိလိုက်ရတာလည်း ကောင်းပါတယ်”
“အိမ်ထောင်ကျပြီးမှသိလည်း နောက်မကျပါဘူး ဟိုဆိုရိုးလေ ဘာလဲ တပင်လဲမူ တပင်ထူတဲ့ နောက်တော့ One go Two comeလေ မယုံရင် ကျွန်တော့်ရဲ့ထွက်ပေါက်က
အကိုတော်ကိုမေးကြည့်”
“အော် ဟုတ်ကဲ့… ဟုတ်ကဲ့”
“ဘာသိချင်သေးလဲ”
“သူပြန်လာရင်ဘယ်လိုလုပ်ရမလဲ ဆက်ပြီးလက်တွဲသင့်/မသင့်လား ဖြေပေးပါဦး Hello…Mielay (မီးခဏခဏပျက်လို့ မီးခြစ် ခြစ်နေကျ) ဟွန့်”
“အင်းပေါ့လေ… ဒါဆိုလည်း Hello…Mielayပြောသလို ရည်းစားသစ်ပဲထပ်ရှာတော့မယ်”

နောက်တပတ်အကြာမှာတော့
ကလင်…ကလင်…ကလင်
“ဟဲလို”
“Hello…Mielayရှိလား”
“ပြောနေပါတရ်”
“တို့က ဟိုတပတ်က ဖုန်းဆက်ပြီး အကူအညီတောင်းတဲ့ မေလေးပါ”
“အော် သိပြီ… ဒါနဲ့ ဘာကိစ္စတုန်း”
“ခုကျွန်မသိသွားပြီ”
“ဘာသိသွားတာလဲ ရှင်းရှင်းလင်းလင်းပြောစမ်းပါ”
“ခုမေလေးမှာ Hello…Mielayပြောလို့ ချစ်သူသစ်ရသွားပြီ… ခုမှပဲ ဟိုသေနာကောင်ကို တကယ်မချစ်ဖူး ဆိုတာ သိတော့တယ်… ခုမေလေးအသစ်ရထားတဲ့ကောင်လေးကိုမှ တကယ်ချစ်သွားတာ… Hello…Mielay ကျေးဇူးနော်”
ခွပ်
“ဟိုက်… ရှာလကာရည်(ဂုရုကြီးလေသံအတုခိုးထားတာ ဟိ) လောက… လောက တော်တော် မလွယ်တာပဲ လွန်ခဲ့တဲ့ ရက်ကပဲ သူ့ကောင်လေးမှ မချစ်တော့ရင်ပဲ သေတော့မလိုလို ခုများကြတော့…. တော်သေးတယ် လောကဆိုပြီး နှစ်လုံးထဲရှိပေလို့ လူတွေများ လောလောပြီး ကနေလိုက်တာ နှစ်လုံးထက်များသာ ပိုရင်တော့ မတွေးဝံ့စရာပါလား”
စာဖတ်သူတို့လည်း ပြဿနာဖြစ်ရင် Hello…Mielayဆီ ဆက်သွယ်လိုက်နော်… ပြဿနာအားလုံး လျှောသွားမယ်…. အရောက်ပို့ပေးမှာ(ရေဝေးသို့မဟုတ်ထိန်ပင်) အဲလေ… ပြဿနာရှင်းသွားသည်အထိ ပြောတာပါ တမျိုးမထင်ပါနဲ့ ဟီ ဟိ

ပြုံးပျော်နိုင်ကြပါစေ…

Hello…Mielay

“ကလင်… ကလင်… ကလင်…”
သူများတွေ အိပ်နေတဲ့ဟာကို တော်တော်အနှောင့်အယှက်ပေးတဲ့ဖုန်း… ဟွန့်
“ဟဲလို”
“မီးလေးရှိလား”
“ရှိဘူး… ဘာပြောပေးရမလဲ”
“မီးလေးနဲ့တိုင်ပင်စရာရှိလို့.. ရတယ် နောက်မှ ထပ်ဆက်လိုက်မယ်”
“ပြောစရာရှိရင် ပြောလေ မီးလေးက တို့အကြံပေးတာ လိုက်လုပ်နေတာ”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello…Mielay”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello…Mielayပါဆို၊ ပြောမှာလား မပြောဘူးလား၊ မပြောရင် ဖုန်းချလိုက်တော့မယ်”
“ပြောမယ်…ပြောမယ်…ဖုန်းတော့မချလိုက်ပါနဲ့ Hello…Mielayရယ်”
“ကဲ…ဒါဆိုလဲပြော”


“ကျွန်မက မေလေးပါ… ရည်းစားနဲ့ ခုကွဲမလိုဖြစ်နေကြပြီ။ ဟင့် ဟင့်… ခုတောင် မီးလေးက ဖြေရှင်း ပေးနိုင်တယ်ပြောလို့ ဆက်လိုက်တာပါ”
“လုပ်ပြန်ပြီ Hello…Mielay ပါဆို မပူစမ်းပါနဲ့… Hello…Mielay နဲ့တွေ့လို့က ပြဿနာအားလုံး..”
“ပြေလည်သွားရောလားဟင်”
“စကားကို ဆုံးအောင်နားမထောင်ဘူး… ပြဿနာအားလုံးလျှော်(အသက်… ဟီ…ဟိ)လို့ ပြောမလို့”
“ရှင်…”
“သြော်… အကုန်လုံး လျှောခနဲဆို ပျောက်သွားတာကိုပြောတာ”
“အော်…အော်”
“ဆက်ပေါ..အဲလေ ဆက်ပြော”
“သူကလေ နောက်တယောက်နဲ့တွေ့နေတယ် ဘယ်လိုလုပ်ရမလဲ ပြောပါဦး”
“ဒါများ လွယ်လွယ်လေး”
“လုပ်ပါဦး ကျေးဇူးရှင်လေးရယ်”
“သူက တယောက်နဲ့တွဲရင် ကိုယ်က နှစ်ယောက်နဲ့ပြန်တွဲပြလိုက်ပေါ့”
“သူနဲ့ကျွန်မ ပြန်အဆင်ပြေသွားရောလား ဟင်”
“ဟင့်အင်း… တခါတည်း ပြတ်ရော”
“အန်င်”
“ဒါများမပူနဲ့ နှစ်ယောက်တောင်တွဲတာ တယောက်ယူလိုက်ပေါ့… ဆိုရိုးတောင်ရှိသေး ရည်းစားတထောင် လင်ကောင်းတယောက်တဲ့”
“တော်ပါသေးရဲ့ ယူပြီးမှ ဖောက်ပြန်နေရင် ဘယ်လိုလုပ်မလဲ စောစောသိလိုက်ရတာလည်း ကောင်းပါတယ်”
“အိမ်ထောင်ကျပြီးမှသိလည်း နောက်မကျပါဘူး ဟိုဆိုရိုးလေ ဘာလဲ တပင်လဲမူ တပင်ထူတဲ့ နောက်တော့ One go Two comeလေ မယုံရင် ကျွန်တော့်ရဲ့ထွက်ပေါက်က
အကိုတော်ကိုမေးကြည့်”
“အော် ဟုတ်ကဲ့… ဟုတ်ကဲ့”
“ဘာသိချင်သေးလဲ”
“သူပြန်လာရင်ဘယ်လိုလုပ်ရမလဲ ဆက်ပြီးလက်တွဲသင့်/မသင့်လား ဖြေပေးပါဦး Hello…Mielay (မီးခဏခဏပျက်လို့ မီးခြစ် ခြစ်နေကျ) ဟွန့်”
“အင်းပေါ့လေ… ဒါဆိုလည်း Hello…Mielayပြောသလို ရည်းစားသစ်ပဲထပ်ရှာတော့မယ်”

နောက်တပတ်အကြာမှာတော့
ကလင်…ကလင်…ကလင်
“ဟဲလို”
“Hello…Mielayရှိလား”
“ပြောနေပါတရ်”
“တို့က ဟိုတပတ်က ဖုန်းဆက်ပြီး အကူအညီတောင်းတဲ့ မေလေးပါ”
“အော် သိပြီ… ဒါနဲ့ ဘာကိစ္စတုန်း”
“ခုကျွန်မသိသွားပြီ”
“ဘာသိသွားတာလဲ ရှင်းရှင်းလင်းလင်းပြောစမ်းပါ”
“ခုမေလေးမှာ Hello…Mielayပြောလို့ ချစ်သူသစ်ရသွားပြီ… ခုမှပဲ ဟိုသေနာကောင်ကို တကယ်မချစ်ဖူး ဆိုတာ သိတော့တယ်… ခုမေလေးအသစ်ရထားတဲ့ကောင်လေးကိုမှ တကယ်ချစ်သွားတာ… Hello…Mielay ကျေးဇူးနော်”
ခွပ်
“ဟိုက်… ရှာလကာရည်(ဂုရုကြီးလေသံအတုခိုးထားတာ ဟိ) လောက… လောက တော်တော် မလွယ်တာပဲ လွန်ခဲ့တဲ့ ရက်ကပဲ သူ့ကောင်လေးမှ မချစ်တော့ရင်ပဲ သေတော့မလိုလို ခုများကြတော့…. တော်သေးတယ် လောကဆိုပြီး နှစ်လုံးထဲရှိပေလို့ လူတွေများ လောလောပြီး ကနေလိုက်တာ နှစ်လုံးထက်များသာ ပိုရင်တော့ မတွေးဝံ့စရာပါလား”
စာဖတ်သူတို့လည်း ပြဿနာဖြစ်ရင် Hello…Mielayဆီ ဆက်သွယ်လိုက်နော်… ပြဿနာအားလုံး လျှောသွားမယ်…. အရောက်ပို့ပေးမှာ(ရေဝေးသို့မဟုတ်ထိန်ပင်) အဲလေ… ပြဿနာရှင်းသွားသည်အထိ ပြောတာပါ တမျိုးမထင်ပါနဲ့ ဟီ ဟိ

ပြုံးပျော်နိုင်ကြပါစေ…

တလွဲတချော်အလွဲများ

အမျိုးသမီးတဦး ကလေးနေမကောင်းလို့ စိတ်သောကရောက်နေပုံပဲ… ကလေးကလည်း နေမကောင်းတာ သုံးရက်ရှိပြီ… ညဘက်ဆိုလည်း အဖျားတွေတက်ပြီး ကယောင်ကတမ်းဖြစ်နေတော့ မိခင်ခင်ဗျာ အတော်စိတ်ပူ နေရှာတာပေါ့…

ထိုအချိန်မှာပဲ “မေမေရေ မေမေ… ဟိုမယ် ကြောင်အိမ်ကြီး ကြောင်အိမ်ကြီး ထမင်းတွေစားနေပြီ” လက်ညှိုးထိုးပြီး ပြောနေတဲ့ ကလေးကိုကြည့်ပြီး မိခင်မှာ တော်တော်စိုးရိမ်သွားတရ်… မျက်လုံးတွေမှာ ဘာတွေမကောင်းတာ မြင်နေလို့ ခုလိုလျှောက်အော်နေတာလည်းပေါ့…

“မေမေ ဟိုမယ် ကြောင်အိမ်ထမင်းစားနေတယ် ဘာလို့ မမောင်းတာလဲ”ထပ်ပြောပြန်တော့ မိခင်လည်း သူလက်ညှိုးညွှန်ရာ ဘုရားစင်ကို မကြည့်ရဲ ကြည့်ရဲနှင့် ကြည့်လိုက်ပါတော့တယ်… စာဖတ်သူတို့ ဘာတွေ့မယ် ထင်လဲ? စာဖတ်သူတို့ထင်တာနဲ့တူမယ်ထင်ပါတရ်… မှန်းကြည့်ပြီးရင်ဆက်ဖတ်နော်…

ဘုရားစင်မှာ ဆွမ်းတော်တင်ထားတဲ့ ထမင်းကို စားနေတာကတော့ ကိုအိမ်မြှောင်ပါပဲ… အပီအပြင်ကို ဆွဲနေတော့တာပဲ… “ဘယ်မှာလဲ ကြောင်အိမ်”လို့ မိခင်က ရှက်ဒေါသနဲ့ မေးလိုက်တော့ “အော် မေမေကလည်း အဲမှာလေ ကြောင်အိမ်”တဲ့ ကောင်းရော…

ရီမောခြင်းဖြင့် အသက်ရှည်ကြပါစေ…